သင်၏ FEMA စာကို နားလည်ခြင်း

Release Date:
သြဂုတ်လ 8, 2023

ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သောမုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ကမ်းပြိုမှုများကြောင့် ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ အော်လင်းစ်၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာတို့၌ ကပ်ဘေးဒဏ်သင့်သူများအတွက် အကူအညီအတွက် အကျုံးဝင်မှုဆိုင်ရာ ဆုံးဖြတ်ချက်စာကို စာတိုက် သို့မဟုတ် အီးမေးလ်မှ ရရှိပါမည်။

စာတွင် သင်သည် အကူအညီအတွက် အကျုံးမဝင်ဟု ရေးထားနိုင်သော်လည်း ၎င်းက ငြင်းပယ်မှု မဟုတ်ပါ။

စာကို သေချာစွာဖတ်ရှုရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် FEMA ကပေးမည့် အကူအညီငွေပမာဏ၊ ယင်းအကူအညီငွေကို မည်သို့ မှန်ကန်စွာအသုံးပြုနိုင်ကြောင်း အချက်အလက်များ ပါဝင်သောကြောင့် ဖြစ်သည်။ စာတွင် သင်၏ လျှောက်လွှာအခြေအနေ၊ ဆုံးဖြတ်ချက်ကို သဘောမတူပါက အယူခံဝင်ရန် လုပ်ဆောင်ရမည်များကို ရှင်းပြထားသည်။

အများအားဖြင့် FEMA က ငွေကြေးထောက်ပံ့မှုအတွက် သင့်လျှောက်လွှာကို ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် နောက်ထပ်အချက်အလက်များ ပို့ပေးရန် ဖြစ်လေ့ရှိသည်။ လိုအပ်နေသော စာရွက်စာတမ်းများ၏ ဥပမာအချို့မှာ-

  • အာမခံထားရှိသည့် အထောက်အထား၊
  • အာမခံလျော်ကြေး တောင်းခံမှုအတွက် သဘောတူညီမှု သို့မဟုတ် အာမခံကုမ္ပဏီ၏ ငြင်းပယ်စာ၊
  • သင်၏ အထောက်အထား၊
  • နေထိုင်ကြောင်း အထောက်အထား၊
  • ပိုင်ဆိုင်ကြောင်း အထောက်အထား၊
  • ကပ်ဘေးကျချိန်တွင် လျှောက်ထားသူက ပျက်စီးသွားသည့်အိမ်တွင် နေထိုင်နေကြောင်း အထောက်အထား။

အကယ်၍ သင်လက်ခံရရှိသည့် စာနှင့် ပတ်သက်ပြီး မေးစရာရှိပါက  ကပ်ဘေးအကူအညီဖုန်းလိုင်း ၈၀၀-၆၂၁-၃၃၆၂ သို့ ဆက်သွယ်ပါ။ ကျွမ်းကျင်သူများသည် တစ်နှစ်လျှင် ၃၆၅ ရက်၊ တစ်ပတ် ၇ ရက် ရှိနေပြီး စကားပြန်ဝန်ဆောင်မှု ရနိုင်ပါသည်။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။ လူကိုယ်တိုင် တွေ့လိုပါက ကပ်ဘေးပြန်လည်ထူထောင်ရေးဌာန သို့သွားပါ။ သင်နှင့် အနီးဆုံးဌာနကို ရှာရန် fema.gov/drc. သို့ ဝင်ကြည့်ပါ။ 

FEMA ဆုံးဖြတ်ချက်ကို အယူခံဝင်ခြင်း

FEMA ဆုံးဖြတ်ချက်ကို သဘောမတူပါက သို့မဟုတ် ရရှိသည့် အကူအညီ ပမာဏကို သဘောမတူပါက သင့်အယူခံစာကို ပံ့ပိုးသည့် စာရွက်စာတမ်းများနှင့် အတူ ပေးပို့နိုင်သည်။ ၎င်းတွင် ဆောက်လုပ်ရေး ကွန်ထရက်တာ၏ ခန့်မှန်းပြုပြင်စရိတ် ပါဝင်သည်။ FEMA ၏ ဆုံးဖြတ်ချက်စာပါ နေ့မှ ရက် ၆၀ အတွင်း အယူခံဝင်နိုင်သည်။

ဥပဒေအရ FEMA သည် သင့်အား ထောက်ပံ့ကြေး မပေးနိုင်သည့် အချက်များ ရှိရာတွင် အကယ်၍ သင်သည် အခြား ရင်းမြစ်များ (အာမခံ၊ အများမှဝိုင်းဝန်းထောက်ပံ့ခြင်း သို့မဟုတ် ပရဟိတအဖွဲ့အစည်းများမှ အကူငွေရရှိလျှင်) ထံမှ အဆိုပါကပ်ဘေးကြောင့် လိုအပ်ချက်အချို့အတွက် ရရှိထားလျှင် ဖြစ်သည်။ အိမ်ပြုပြင်ရန်အတွက် ကုန်ကျစရိတ်ကို အာမခံ ထံမှ ရရှိထားပါက ယင်းတူညီသော ပြုပြင်မှုအတွက် FEAM က မပေးပါ။

သို့ရာတွင် အချို့ အာမခံ ထားရှိမှု ပမာဏနိမ့်သောသူများသည် အာမခံမှ ၇ရှိသည့် လျော်ကြေးငွေဖြင့် လိုအပ်ချက်များကို မဖြည့်စွမ်းနိုင်ပါက အကူအညီ ရရန် အကျုံးဝင်နိုင်ပါသည်။ FEMA က အခြေခံလိုအပ်ချက်များအတွက် အကူအညီပေးနေသော်လည်း အာမခံမှ နုတ်ရသည့်ငွေအတွက် အကူအညီ မပေးပါ။

လက်မှတ်ထိုးပြီး နေ့စွဲတပ်ထားသည့်စာတွင် သင်ဘာကြောင့် အယူခံဝင်ကြောင်း အကြောင်းရင်း(များ) ကို ရှင်းပြပါ။ အယူခံကို စာဖြင့်တင်သွင်းရမည်ဖြစ်ပြီး အောက်ပါတို့ ပူးတွဲရမည်-

  • လျှောက်ထားသူ၏ အမည်အပြည့်အစုံ
  • ကပ်ဘေးနံပတ် (DR-4720 -VT)
  • ကပ်ဘေးမတိုင်မီက အဓိကနေထိုင်သည့် လိပ်စာ
  • လျှောက်ထားသူ၏ လက်ရှိဖုန်းနံပါတ်၊ လိပ်စာ
  • သင်၏ နံပါတ် ကိုးလုံးပါ FEMA လျှောက်လွှာနံပါတ်ကို သင့်စာရွက်စာတမ်းတိုင်းတွင် ရေးထည့်ပါ

အကယ်၍ လျှောက်ထားသူ သို့မဟုတ် ပူးတွဲလျှောက်ထားသူကိုယ်စား အခြားသူတစ်ဦးက ဤအယူခံစာကို ရေးသားခြင်း ဖြစ်ပါက အဆိုပါပုဂ္ဂိုလ်သည် အခြားသူအတွက် ကိုယ်စားဆောင်ရွက်ရန် အခွင့်အာဏာရရှိထားကြောင်း FEMA သို့ လိပ်မူ၍ စာရေးသားကာ လက်မှတ်ထိုးရပါမည်။

သင်က FEMA ထံမှ ရရှိသည့် ဆုံးဖြတ်ချက်စာပါ နေ့စွဲမှ ရက်ပေါင်း ၆၀ အတွင်း အယူခံများကို တင်သွင်းရပါမည်။ အယူခံစာများနှင့် ပံ့ပိုးသည့် စာရွက်စာတမ်းများကို သင်၏ အွန်လိုင်း FEMA အကောင့်သို့ ထည့်သွင်းနိုင်သည်။ အကောင့်ဖွင့်ရန် DisasterAssistance.gov သို့သွားပြီး ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပါ။

စာရွက်စာတမ်းများအား အခြားနည်းလမ်းများဖြင့် ပေးပို့နိုင်ရာ အောက်ပါတို့ ပါဝင်သည်-

  • စာဖြင့် - FEMA National Processing Service Center, P.O. Box 10055, Hyattsville MD 20782-7055
  • ဖက်စ်ဖြင့် - ၈၀၀-၈၂၇-၈၁၁၂၊ လိပ်မူရန်- FEMA 
  1. နောက်ဆုံး သတင်းအချက်အလက်များအတွက် fema.gov/disaster/4720.  ကို ဝင်ကြည့်ပါ။ FEMA ဒေသ ၁ အကောင့်ကို တွစ်တာတွင် twitter.com/FEMARegion1  သို့မဟုတ် ဖေ့ဘုတ်တွင် facebook.com/FEMA. လိုက်ကြည့်ပါ။ ဗာမွန့်၏ တုံ့ပြန်ချက်နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးသတင်းအချက်အလက်များအတွက် ဗာမွန့် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ ကို တွစ်တာတွင်  twitter.com/vemvt  နှင့် ဖေ့ဘုတ်တွင် facebook.com/vermontemergencymanagement တို့၌ လိုက်ကြည့်ပါ။ 

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။

Tags:
နောက်ဆုံးအချက်အလက်